မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက် ရှိသည့် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့်

မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက် ရှိသည့် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့်
 
နေပြည်တော်၊ ဇူလိုင် - ၆
 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဒေသအတွင်း လုံခြုံရေးတာဝန် များ ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများအတွက် စားသောက်ဖွယ်ရာ များကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ယနေ့နံနက်ပိုင်း တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ လာရောက်ဂုဏ်ပြုချီးမြှင့်ကြသည်။
ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း(အငြိမ်းစား)က ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာ ၁၁ မျိုးကို ပေးအပ်ချီးမြှင့်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းက လက်ခံရယူသည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန် လည်ပေးအပ်၍ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။