မြဝတီမြို့ရှိ သဘာဝတရားရိပ်သာဆေးရုံကို တပ်မတော်က လေယာဉ်ဖြင့်ဗုံးကျဲမှု ကြောင့် အဘိုးအို ၂ ဦး သေဆုံးပြီး သက်ကြီးရွယ်အို ၇ ဦး ဒဏ်ရာရခဲ့ကြောင်း တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

မြဝတီမြို့ရှိ သဘာဝတရားရိပ်သာဆေးရုံကို တပ်မတော်က လေယာဉ်ဖြင့်ဗုံးကျဲမှု ကြောင့် အဘိုးအို ၂ ဦး သေဆုံးပြီး သက်ကြီးရွယ်အို ၇ ဦး ဒဏ်ရာရခဲ့ကြောင်း တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 
နေပြည်တော်၊ မတ် ၈

 
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာရှိ သဘာဝတရားရိပ်သာ ဆေးရုံကို ယနေ့နံနက်ပိုင်းက တပ်မတော်မှ လေယာဉ်ဖြင့်ဗုံးကျဲမှုကြောင့် ဆေးရုံ အဆောင်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး အဘိုး ၂ ဦးသေဆုံးကာ အဘိုးအဘွား သက်ကြီးရွယ်အို ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့် သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

 
ဖြစ်စဉ်အမှန်မှာ ယနေ့နံနက်ပိုင်းက မြဝတီမြို့နယ်အတွင်း နယ်မြေလုံခြုံရေး နှင့်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်စခန်းများကို KNLA နှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းတို့ ပစ်ခတ်သည့် လက်နက်ကြီးကျည်များသည် မြဝတီမြို့နယ်၊ ရွာသစ်ကျေးရွာရှိ သဘာဝတရားရိပ်သာဆေးရုံပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် တပ်မတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေရန်နှင့် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် မှန်ကန်မှု မရှိသည့် တစ်ဖက်သတ်စွပ်စွဲရေးထားသော သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ ပါသည်။