မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီပဲလေ့စ်ဟော်တယ်၌ လက်နက်များ အရောင်းအဝယ်ပြုလုပ်သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီပဲလေ့စ်ဟော်တယ်၌ လက်နက်များ အရောင်းအဝယ်ပြုလုပ်သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ - ၂၄
    
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီပဲလေ့စ်ဟော်တယ်၌ လက်နက်များအရောင်းအဝယ်ပြုလုပ်သည့် တရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဘားအံမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ဇော်မင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဂုဏ်ပြုခံလုံခြုံရေး တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
    
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချီးကျူးဂုဏ်ပြု အမှာစကားပြောကြားသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေကျပ် သိန်း ၉၀ ကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။