မြိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့တို့၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးများပြုလုပ်

မြိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်စစ်မှုထမ်း ဟောင်းအဖွဲ့တို့၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးများပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၉

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ပဲခူးတိုင်းဒေသ ကြီး၊ တောင်ငူမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့တို့၏ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည် အစည်းအဝေးများကို ယနေ့တွင် မြိတ်မြို့ရှိ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် အစည်းဝေး ခန်းမနှင့် တောင်ငူမြို့ရှိ နယ်မြေခံတပ်ရင်းခန်းမတို့၌ အသီးသီးကျင်းပပြလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးများက အဖွင့်အမှာစကားများအသီးသီးပြောကြားကြပြီး စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြ သည်။

ထို့နောက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ၂၀၂၀-၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။