မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါနဆေးရုံအတွက် အလှူငွေများ လှူဒါန်း  

မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါနဆေးရုံအတွက် အလှူငွေများ လှူဒါန်း

 
နေပြည်တော်၊ မေ - ၂၈

 
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါနဆေးရုံအတွက် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်မျာက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်း စစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယဉပဉက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ကြွရောက်တော်မူပြီး တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီတဂူဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် မြိတ်မြို့ရှိ သီတဂူဇီဝိတစက္ခုဒါန ဆေးရုံအတွက် တိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ စုပေါင်းလှူဒါန်းသော အလှူငွေကျပ် သိန်း ၁၀၀ နှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို တိုင်းမှူး နှင့် တာဝန်ရှိသူများက သီတဂူဆရာတော်ကြီးထံ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ဆက်လက်၍ သီတဂူဆရာတော်ကြီးသည် မြိတ်မြို့ရှိ စိန်ဂျွန်း မာရီဗီယာနေကတ် သလစ် ခရစ်ယာန်ပရဟိတကျောင်း၏ ပင့်ဆောင်ချက်အရ အဆိုပါကျောင်းသို့ ကြွရောက် ၍ တရားတော်များချီးမြှင့်တော်မူသည်။ ထို့နောက် သီတဂူဆရာတော်ကြီးနှင့် တိုင်းမှူးတို့ က အဆိုပါပရဟိတကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။