မြိတ်မြို့ မြို့နယ်ရဲစခန်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဇလွန် မြို့ပေါ်ရပ်ကွက်များရှိဒေသခံပြည်သူများအားဆန်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့၊ သာပေါင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထေ

မြိတ်မြို့ မြို့နယ်ရဲစခန်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဇလွန် မြို့ပေါ်ရပ်ကွက်များရှိဒေသခံပြည်သူများအားဆန်နှင့် စားသောက်ဖွယ်ရာများထောက်ပံ့၊ သာပေါင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၈

ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ သွားလာမှုကန့်သတ်ချက်များကြောင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ စေတနာ့ဝန်ထမ်း Volunteer များနှင့် ဒေသခံပြည်သူများ စားရေးအဆင်ပြေစေရေးအတွက် တပ်မတော်နှင့် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ငွေများနှင့် ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ မြို့နယ်ရဲစခန်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက စားသောက်ဖွယ်ရာများ သွားရောက် ထောက်ပံ့ပေးအပ်သည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံ ပြည်သူ အိမ်ထောင်စု ၂၅၀ စုတို့အတွက် ဆန်အိတ်များအား မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် တာဝန်ရှိသူများက ယနေ့တွင် ဒေသခံပြည်သူ များ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်သည်။
ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များအား နိုင်ငံတော်မှ ထောက်ပံ့ ပေးအပ်သည့် ထောက်ပံ့ငွေကျပ်သိန်း ၅၀၀ ကျော်အား ယနေ့တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် တာဝန်ရှိသူများက အဆိုပါမြို့နယ်ရှိ ပြည်အေးခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။