မြို့နယ်အချို့၌ ပြည်သူလူထုမှလက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၂၂

တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထု များမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသော လက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက် အပ်နှံခဲ့ကြောင်းသိရသည်။

ထို့သို့အပ်နှံရာတွင် မေ ၂၁ ရက် ညနေ ၄ နာရီခန့်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ထီဖောင်းကျေးရွာမှ လုပ်လုပ်သေနတ် ၂ လက်အား ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင် များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များအားလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ လက်ခံရယူခဲ့ပြီးစနစ်တကျသိမ်းဆည်းထားရှိ ကြောင်းသတင်းရရှိပါသည်။