မြို့နယ်အချို့၌ ပြည်သူလူထုမှလက်လုပ်သေနတ်များအား အုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် - ၁
    
တိုင်းဒေသကြီး/ ပြည်နယ်များရှိမြို့နယ်အချို့၌ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထု များမှ ၎င်းတို့၏ သဘောဆန္ဒအလျောက် ၎င်းတို့ထံတွင် ရှိသော လက်လုပ်သေနတ်များအားအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံလျက်ရှိသည်။
    
ထို့သို့အပ်နှံလျက်ရှိရာ    ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကော့သောင်း မြို့နယ်နှင့် ထားဝယ်မြို့နယ်တို့ရှိ ကျေးရွာများမှ တူမီးသေနတ် ၂၀ လက်၊ လက်လုပ်သေနတ် ၃ လက်နှင့် ကိုးလုံးထိုးခေါက်ချိုးသေနတ် ၁ လက်တို့ကို ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
    
ထိုကဲ့သို့ ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များအားလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ လက်ခံရယူခဲ့ပြီးစနစ်တကျသိမ်းဆည်းထားရှိ ကြောင်းသတင်းရရှိပါသည်။