မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာ ကျောင်းများနှင့် ရုံးများ၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာ ကျောင်းများနှင့် ရုံးများ၌ စုပေါင်း သန့်ရှင်းရေး ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၅   

    ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်တက္ကသိုလ်ရှိ နန္ဒအဆောင်၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများ ထားရှိရန် ပြင်ဆင်ဆောင်ရွက် နေမှုများနှင့် ပုသိမ်မြို့အတွင်း သန့်ရှင်းသာယာ လှပရေးအတွက် ယနေတွင် အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူဖော်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို ဧရာဝတီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။

    အလားတူ ပုသိမ်မြို့၊ မြန်အောင်မြို့၊ မြောင်းမြမြို့၊ ဖျာပုံမြို့နှင့် ဇလွန်မြို့၊ မွန်ပြည်နယ်၊ သထုံမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း မြို့တို့ရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများနှင့် ရုံးများ၌လည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။