မြေငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့သည့် မိုးကောင်းကျောင်းတိုက်ရှိ ဒီဃာယု ဘုန်းတော်ကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

မြေငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့သည့် မိုးကောင်းကျောင်းတိုက်ရှိ ဒီဃာယု ဘုန်းတော်ကြီး၌ စုပေါင်းသန့်ရှင်းရေးပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၃၀

မန္တလေးတိုင်းဒေသကြီးအတွင် ဇူလိုင် ၂၉ ရက်နေ့လည်ပိုင်းတွင်မြေငလျင် လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ မြေငလျင်လှုပ်ခတ်မှုကြောင့် ချမ်းအေးသာဇံမြို့နယ် သီရိဟေမာအရှေ့ရပ်ကွက်၊ မိုးကောင်းကျောင်းတိုက်ရှိ ဒီဃာယုဘုန်းတော်ကြီး အဆောက်အဉီးမှာ ပြိုကျပျက်စီးခဲ့သည်။

အဆိုပါပြိုကျပျက်စီးခဲ့သည့်နေရာသို့ယနေ့တွင်နယ်မြေခံတပ်မှ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ပြိုကျပျက်စီးနေသည့် အုတ်ခဲများ၊ အပျက်အစီး များအား ဖယ်ရှားရှင်းလင်းပေးကာ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိိသည်။