မြောက်ဉက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း နှင့် ကရုဏာလမ်းဆုံ၌ လက်လုပ် မိုင်း လာရောက်ပစ်ခတ်ဖောက်ခွဲသူ ၂ ဦးအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး

မြောက်ဉက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း နှင့် ကရုဏာလမ်းဆုံ၌ လက်လုပ် မိုင်း လာရောက်ပစ်ခတ်ဖောက်ခွဲသူ ၂ ဦးအား ပြည်သူများက ဝိုင်းဝန်းဖမ်းဆီး

နေပြည်တော်၊ စက်တင်ဘာ-၈

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်း နှင့် ကရုဏာလမ်းဆုံ၌ စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်း ပစ်ခတ်ဖောက်ခွဲသူ ၂ ဦးအား အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြောက်ဉက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ကရုဏာ လမ်းဆုံနေရာအား စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက်သူ ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲကာ မောင်းနှင် ထွက်ပြေးခဲ့သဖြင့် အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံများဖြစ်သည့် သိန်းဇော်(ခ)ပါကျဲ (ဘ)ဦးမြင့်ဦး နှင့် ရဲမြင့်အောင်(ဘ)ဦးသက်မျိုး တို့ ၂ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ သည်။
အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦများ ထိခိုက် ပျက်စီးမှုမရှိကြောင်းနှင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင် ရေး လိုအပ်သည်များဆက်လက်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့တွင်းလုံခြုံရေးအား တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။