မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာမီးပွိုင့်နှင့် ဂုံးကျော်တံတားအောက် မိုင်းထောင်ဖောက် ခွဲခဲ့သည့် တရားခံများအား မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာမီးပွိုင့်နှင့် ဂုံးကျော်တံတားအောက် မိုင်းထောင်ဖောက် ခွဲခဲ့သည့် တရားခံများအား မူးယစ်ဆေးဝါးများ၊ လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ စက်တင်ဘာ ၂၄
    
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးရေးနှင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဟိန်းကျော်လွင် အပါ တရားခံကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား ပစ္စတို ၁ လက်၊ ကျည်မျိုးစုံ ၅၈ တောင့်၊ C4 ယမ်းမှုန့် ၅၀ သားနှင့် အခြားဖောက်ခွဲရေးပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည့် ဖြစ်စဉ်အား ဩဂုတ်လ ၂၈ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
    
ဖမ်းဆီးရမိ တရားခံဟိန်းကျော်လွင်၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၃၁ ရက်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း၊ (၀)မှတ်တိုင်အနီး၌ စည်သူ(ခ)စည်သူဟိန်းအား ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၇) ရပ်ကွက်၊ ပြည်ထောင်စုလမ်းပေါ်ရှိ YGN KTV တွင် အောင်ကျော်ကျော်အား ထပ်မံ ဖမ်းဆီးရမိခဲ့ သည်။ အောင်ကျော်ကျော်၏ ထွက်ဆိုချက်အရ သာကေတမြို့နယ်၊ (၁၂)ရပ်ကွက်ရှိ “ဖိုးစည်” ဂတ်စ်မီးဖိုနှင့် ဂတ်စ်အိုးရောင်း/ဝယ်ရေးဆိုင်၌ ပစ္စတို ၁ လက်၊ ခြောက်လုံးပြူးသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၁၂၉ တောင့်နှင့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
    
ဖမ်းဆီးရမိတရားခံ အောင်ကျော်ကျော်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၉ ရက်တွင် ၎င်းထံမှ ကျည်ဆံများ ဝယ်ယူလိုသည့် ဆက်စပ်တရားခံများဖြစ်သော ချစ်ကိုကို (ခ)နဂါး၊ မျိုးဇင်အောင်(ခ)ကိုမျိုးနှင့် အောင်မြတ်မိုး(ခ)ကိုအောင်တို့အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၀)ရပ်ကွက်၊ ဧရာဝဏ်လမ်းတွင် လက်လုပ်သေနတ် ၂ လက်၊  ၉ မမ ကျည် ၂၃ တောင့်၊ လက်လုပ်မိုင်း ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
ဖမ်းဆီးရမိတရားခံ ချစ်ကိုကို၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ (၆၄)ရပ်ကွက်၊ စက်မှုဇုန်(၂)၊ အင်းယားလမ်း၊ အမှတ်(၁၇၈)တွင် ကျော်မင်းဦး (ခ)သားကြီးအား လက်လုပ်သေနတ်အရှည် ၃ လက်၊ လက်လုပ်သေနတ်အတို ၈ လက်၊ လက်လုပ်မိုင်း ၂၀ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်း၏ ထွက်ဆိုချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၂၈) ရပ်ကွက်၊ အောင်သုခလမ်း၊ အမှတ်(၃၁၆/ဘီ)၌ ဇနီးဖြစ်သူ သဇင်အား လက်လုပ် သေနတ်အရှည် ၁ လက်၊ လက်လုပ်သေနတ်အတို ၃ လက်၊ ကျည်မျိုးစုံ ၈၂ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံး၊ Ice ၁၂၅ ဂရမ်၊ WY စာတမ်းပါ  ကြွမူးယစ်ဆေးဝါး ၇၅၀၀ ပြား နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁၁ ရက်တွင် မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကာရပ်ကွက်၊ D-day လက်ဘက်ရည်ဆိုင်၌ အာကာဟိန်း(ခ)ကိုစောနှင့် နှင်းဇာခြည်သော်(ခ)မရှင်းတို့ ၂ ဦးအား ရီမုတ်မိုင်း ၁ လုံးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
    
အာကာဟိန်း(ခ)ကိုစော ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁၂ ရက်တွင် မရမ်းကုန်းမြို့နယ်၊ မုဒိတာ(၁)၊အမှတ်(ဘီ/၅၈၀)အား ဝင်ရောက်ရှာဖွေခဲ့ရာ ခန့်ဇော်လတ် အား Luger ကျည် ၈ တောင့်၊ ကျည်အိမ် ၁ ခုနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ခန့်ဇော်လတ်၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ မုဒိတာ(၁)၊ အမှတ်(ဘီ/၇၂၂) အား ရှာဖွေခဲ့ရာ Air Soft Gun ၄ လက်၊ လက်လုပ်သေနတ်အတို(၁)လက်၊ ကျည် ၆ တောင့်၊ လက်လုပ်မိုင်း ၁၃ လုံး၊ ဒူးလေး ၁ လက်၊ ချိန်ကိုက်မိုင်းပြုလုပ်ရန် တပ်ဆင်ပြီး Keypad ဖုန်း ၄ လုံး၊ လျှပ်စစ်စနက်တံ ၁၂ ခုနှင့် အခြားခုခံပစ္စည်းများအား သိမ်းဆည်းရမိခဲ့ ကြောင်းနှင့် မရမ်းကုန်းမြို့နယ်၊ ဘောဂသိဒ္ဓိလမ်း၊ (၂)ရပ်ကွက်အား ထပ်မံသွားရောက် ရှာဖွေခဲ့ရာ ဝသုန်စံ အား အီတလီနိုင်ငံထုတ် SIGSAUER ပစ္စတို ၁ လက်၊ ၉ မမကျည် ၁၀ တောင့် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
ဝသုန်စံ၏ ထွက်ဆိုချက်အရ မရမ်းကုန်းမြို့နယ်၊ ဇေယျသုခမ်း၊ ၅ လွှာ/A ၊ အမှတ်(၂၂)၌ ဆက်စပ်တရားခံ အောင်မြတ်(ခ) နော်ရိန်၊ ကျော်ရဲဝင်း၊ ဟိန်းထက် တို့အား ဖမ်းဆီးရမိခဲ့သည်။
    
တရားခံ ဟိန်းထက်၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၂၀ ရက်တွင် မရမ်းကုန်းမြို့နယ်၊ တော်ဝင်လမ်း၌ လက်နက်/ခဲယမ်း သယ်ယူပို့ဆောင်ပေးသူ ဘိုဘိုသိန်းအား ၉ မမ ကျည် ၁၄၉ တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အထက်ပါဖြစ်စဉ်များတွင် တရားခံ ကျား ၁၄ ဦး၊ မ ၂ ဦး၊ ပေါင်း ၁၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ၉ မမ ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁လက်၊ Air Soft Gun ၄ လက်၊ လက်လုပ်သေနတ်အတို ၁၄ လက်၊ လက်လုပ်သေနတ်အရှည် ၄ လက်၊ ဒူးလေး ၁ လက်၊ လျှပ်စစ်စနတ်တံ ၁၂ ခု၊ ကျည်မျိုးစုံ ၂၇၈ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၃၆ လုံး၊ ချိန်ကိုက်မိုင်းပြုလုပ်ရန် တပ်ဆင်ပြီး Keypad ဖုန်း ၄ လုံး၊ Ice ၁၂၅ ဂရမ်၊ WY စာတမ်းပါ စိတ်ကြွမူးယစ်ဆေးဝါး  ၇၅၀၀ ပြားနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
    
ဖမ်းဆီးရမိတရားခံများ အနက်မှ ဝသုန်စံ၊ ခန့်ဇော်လတ်၊ ကျော်ရဲဝင်း၊ ကိုပီး(ခ) ငြိမ်းချမ်း(ဖမ်းဆီးရန်ကျန်)၊ ကိုတေး၊ စိုင်းချစ်ဖ တို့ ၆ ဦးသည် ဧပြီလ ၂၃ ရက်မှ မေလ ၂၂ ရက်အထိ ပင်လုံမြို့၊ အနောက်မြောက်ဘက် တောအတွင်း၌ RCSS တပ်မဟာ(၇၀၇)အဖွဲ့ဝင်များမှ ဖွင့်လှစ်သော ဖောက်ခွဲရေးသင်တန်းအား  တက်ရောက် ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၆ ရက်တွင် အာကာဟိန်းနှင့် ဝေမိုးနိုင်(ဖမ်းဆီးရန်ကျန်)တို့သည် မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာ မီးပွိုင့်၌ လက်လုပ်ချိန်ကိုက်ဗုံး ၃ လုံး ဖောက်ခွဲခဲ့ကြောင်း၊ စက်တင်ဘာလ ၇ ရက်တွင် ခန့်ဇော်လတ်၊ ဝသုန်စံ၊ အောင်မြတ်၊ ဟိန်းထက်၊ ကိုပီး(ခ)ငြိမ်းချမ်း(ဖမ်းဆီးရန်ကျန်) တို့သည် မြောက်ဥက္ကလာပမြို့နယ်၊ ဂုံးကျော်တံတားအောက်၌ လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။
    
ရန်ကုန်မြို့အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန် Yangon Revolution Brotherhood (YRB) - ရန်ကုန်တော်လှန်ရေးညီအစ်ကိုများအဖွဲ့အား ဇွန်လ ဒုတိယအပတ်တွင် ခန့်ဇော်လတ်၊ ကိုပီး(ခ)ငြိမ်းချမ်း(ဖမ်းဆီးရန်ကျန်)၊ ဝသုန်စံ ကျော်ရဲဝင်း၊ အောင်မြတ်၊ ထက်သူရ(ဖမ်းဆီးရန်ကျန်)၊ စောမင်းရှိန်(ဖမ်းဆီးရန်ကျန်) တို့နှင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ YRB အဖွဲ့မှ ဇူလိုင်လပထမအပတ်တွင် မရမ်းကုန်း မြို့နယ်၊ မုဒိတာအိမ်ရာ၊ တိုက်(ဘီ)၊ အခန်း(၇၂၂)၌ မင်္ဂလာဒုံ(PDF)အဖွဲ့ဝင် ၁၀ ဦး ခန့်အား ဖောက်ခွဲရေးသင်ခန်းစာများ သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
    
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး NLD ပါတီမှ ဖြိုးဇေယျာသော်(၂၀၁၅ ခုနှစ်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့် NLD ပါတီမှ မြတ်မင်းသူ (၂၀၁၅ ခုနှစ်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မဲဆန္ဒနယ်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဟောင်း)တို့မှ စေခိုင်းခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြည်တွင်း/ပြည်ပရှိ အကြမ်းဖက်အဖွဲ့များအား ထောက်ခံ အားပေးသူများထံမှ ငွေကြေးရယူပြီး ရရှိငွေများအား ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ဝယ်ယူရာတွင် သုံးစွဲခဲ့ကြောင်း၊ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ လုပ်ဆောင်ရန် မူးယစ်ဆေးဝါးများသုံးစွဲကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
    
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံ များအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။