မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်

မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော်၊ နိုဝင်ဘာ -၂၇

          ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့် ဆွေမျိုး များ၏ နေအိမ်အသီးသီးတို့၌ ယာယီနေထိုင်လျက်ရှိသော တိုက်ပွဲရှောင်ပြည်သူ များအနက်မှ ၎င်းတို့၏ မူလနေရပ်ဖြစ်သော လက္ကာကျေးရွာသို့ ပြန်လည်နေထိုင်လို သည့် အိမ်ထောင်စု ၃၂၂ စု၊ လူဦးရေစုစုပေါင်း ၁၅၅၅ ဦးတို့အား အောက်တိုဘာ ၂၆ ရက်တွင် ပြည်နယ် အစိုးရအဖွဲ့အစီအစဉ်ဖြင့် အဆိုပါကျေးရွာသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီးဖြစ်သည်။

အဆိုပါ လက္ကာကျေးရွာသို့ ပြန်လည်နေထိုင်လျက်ရှိသည့် နေရပ်ပြန် တိုက်ပွဲရှောင် ပြည်သူများ၏ စားသောက်နေထိုင်ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့မှု ရှိစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မြောက်ဦးမြို့နယ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာနမှ တာဝန်ရှိသူများက နိုဝင်ဘာ ၂၅ ရက်တွင် အိမ်ထောင်စု ၁ စုလျှင် ကယ်ဆယ်ရေးပစ္စည်း ၁၇မျိုး၊ တာပေါ်လင်စတစ်စ၊ ဆန် ၁ လစာ၊ ပြောင်းရွှေ့စရိတ် ၁ သိန်းကျပ်နှုန်းတို့ဖြင့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံများထံသို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။