မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိအောက်ဆီဂျင်ထုတ်လုပ်သည့်စက်များ ထုတ်လုပ် လည်ပတ်နေမှုအခြေ အနေများအားကြည့်ရှု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိအောက်ဆီဂျင်ထုတ်လုပ်သည့်စက်များ ထုတ်လုပ် လည်ပတ်နေမှုအခြေ အနေများအားကြည့်ရှု

နေပြည်တော်၊ စက်တင်ဘာ - ၂၄

ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများကို ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင် လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက်ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိသည်။

ထိုသို့ တပ်ဆင်ထုတ်လုပ်ပေးလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ နယ်မြေခံဆေးတပ်ရင်းရှိ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်ထုတ်လုပ်နေမှုနှင့် တိုင်းစစ်ဌာနချုပ်မှ ဆောင်ရွက်ထားရှိသော ရွေ့လျားအောက်ဆီဂျင် Plant မှ အောက်ဆီဂျင်ထုတ်လုပ်နေမှုအခြေအနေများအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။