မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင် အောက်ဆီဂျင်စက်ရုံနှင့် ချောင်းဆုံမြို့ ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံများဖွင့်ပွဲ ပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင် အောက်ဆီဂျင်စက်ရုံနှင့် ချောင်းဆုံမြို့ ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင်စက်ရုံများဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၂
    
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင် အောက်ဆီဂျင်စက်ရုံနှင့် ချောင်း ဆုံမြို့ပြည်သူ့ဆေးရုံအတွင်း အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစက်ရုံနေရာများ၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများ၊ စေတနာရှင်အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
    
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားများ ပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက စက်ရုံများအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး စက်ရုံ ကဗ္ဗည်းမော်ကွန်းတို့ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေး ကြသည်။ 
    
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ များပေးအပ်ရာ အလှူရှင်များက လက်ခံရယူကြပြီး ပြည်သူတစ်ဦးက ကျေးဇူးတင် စကားပြောကြားသည်။     ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများသည် အောက်ဆီဂျင်စက်ရုံများအတွင်း အောက်ဆီဂျင်ထုတ်လုပ်နေမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
အဆိုပါ မော်လမြိုင်မြို့၊ ရွှေနတ်တောင် အောက်ဆီဂျင်စက်ရုံအား ဩဂုတ် ၇ ရက်တွင် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင်အောက်ဆီဂျင် ၄၀ လီတာအိုး ၁၂၀၀ ခန့်ကိုလည်းကောင်း၊ ချောင်းဆုံမြို့၊ ပြည်သူ့ဆေးရုံအတွင်းရှိ အောက်ဆီဂျင် စက်ရုံအား ဇူလိုင် ၉ ရက်တွင် စတင်ဆောက်လုပ်ခဲ့ကာ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၂၀၀ ခန့်ကိုလည်းကောင်း အသီးသီးထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည်ဖြစ် ကြောင်း သတင်းရရှိသည်။