မွန်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်း အဝေးပြုလုပ်

မွန်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်း အဝေးပြုလုပ်

နေပြည်တော်၊ အောက်တိုဘာ - ၂၂

မွန်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ ၂၀၂၁ ခုနှစ်၊ နှစ်ပတ်လည်အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ပြုလုပ်ရာ မွန်ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ နာယက၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင် နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ် အမှုဆောင် အဖွဲ့ဉက္ကဌတို့က အဖွင့်အမှာစကားများအသီးသီးပြောကြားကြပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ချီးမြှင့်ငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကြသည်။
ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ပြီး စစ်မှုထမ်းဟောင်းနှစ်ပတ်လည်အစည်းအဝေးကို အစီအစဉ်အတိုင်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။