ယခုရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီက ယူရို ၁၅၉ ဒသမ ၅ သန်းဖြင့် ထိပ်ဆုံးမှဦးဆောင်နေ

ယခုရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ပီအက်စ်ဂျီအသင်းမှ အမ်ဘတ်ပီက ယူရို ၁၅၉ ဒသမ ၅ သန်းဖြင့် ထိပ်ဆုံးမှဦးဆောင်နေ

 

ယခုရာသီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ပီအက်စ် ဂျီအသင်းမှ အမ်ဘတ်ပီက ယူရို ၁၅၉ ဒသမ ၅ သန်း ဖြင့်  ထိပ်ဆုံးမှဦးဆောင်နေကြောင်း  သိရသည်။

Football Transfers  လက်ရှိ ကစားသမား များ၏   အသက်အပိုင်းအခြား၊  အသင်းနှင့် စာချုပ် ချုပ်ဆိုမှုနှင့်    စွမ်းဆောင်ရည်များပေါ်မူတည်၍ ဈေးကွက်တန်ဖိုးသတ်မှတ်ခြင်းဖြစ်ပြီး   ပီအက်စ်ဂျီ အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့်  အမ် ဘတ်ပီက ဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့ခြင်းဖြစ်သည်။အမ်ဘတ်ပီအနေဖြင့် လက်ရှိတွင်  ပီအက်စ်ဂျီ အသင်းနှင့်     တစ်နှစ်သက်တမ်းသာကျန်ရှိပြီး ပီအက်စ်ဂျီအသင်းက  သက်တမ်းတိုးစာချုပ်ချုပ်ဆို လိုသော်လည်း  အမ်ဘတ်ပီကိုယ်တိုင်က  ရီးယဲလ် မက်ဒရစ်အသင်းသို့   ပြောင်းရွှေ့လိုသည့်အတွက် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်    ကမ်းလှမ်းမှုကိုငြင်းဆန်ထားကာ လက်ရှိကစားသမားအပြောင်းအရွှေ့ ကာလတွင်ပင် ပီအက်စ်ဂျီအသင်းမှ  ထွက်ခွာဖွယ်ရှိ နေသည်။

လက်ရှိ   ကစားသမားအပြောင်းအရွှေ့ကာလ၌ ဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမား  ၁၀  ဦးစာရင်းတွင်  ပရီးမီးယားလိဂ်မှ   အများဆုံးအဖြစ် ခြောက်ဦးအထိပါဝင်လာပြီး အသင်းလိုက်အများဆုံး စာရင်းတွင်  ပီအက်စ်ဂျီအသင်းနှင့်   မန်ယူအသင်း တို့မှ သုံးဦးစီပါဝင်ခဲ့သည် ။ Football Transfers  ၏ဖော်ပြချက်အရ လက်ရှိ ဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမား   ၁၀  ဦး စာရင်းတွင်   အမ်ဘတ်ပီ၏နောက်၌  အသင်းဖော်နေမာက  ယူရို ၁၁၅ ဒသမ ၉ သန်းဖြင့် အဆင့်(၂)၊ မန်စီးတီးအသင်းမှ ဖိုဒန်က ယူရို ၁၀၈ ဒသမ ၄ သန်း ဖြင့် အဆင့်(၃)၊ လက်ရှိ ကစားသမားအပြောင်းအရွှေ့ ကာလတွင် ဒေါ့မွန်အသင်းမှ မန်ယူအသင်းသို့ ပြောင်း ရွှေ့ခဲ့ သည့် ဆန်ချိုက ယူရို ၁၀၇ ဒသမ ၅ သန်းဖြင့် အဆင့်(၄)၊ မန်ယူအသင်းမှ ဖာနန်ဒက်က ယူရို ၁၀၂ သန်းဖြင့် အဆင့်(၅)၊ ဒေါ့မွန်အသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် ဟာလန်းက ယူရို  သန်း ၁၀၀ ဖြင့် အဆင့်(၆)၊ မန်ယူအသင်းမှ ရက်ရှ်ဖို့ဒ်က ယူရို၉၈ ဒသမ ၃ သန်းဖြင့် အဆင့်(၇)၊ စပါးအသင်းမှထွက်ခွာဖွယ်ရှိနေသည့် ဟယ်ရီကိန်းက ယူရို  ၉၇ ဒသမ ၁ သန်းဖြင့် အဆင့်(၈)၊ အဆင့်(၉)နေရာ၌ မန်စီးတီး အသင်းမှ ဂျီးဆပ်က ယူရို ၉၆ ဒသမ ၂ သန်းဖြင့်  ပါဝင်လာခဲ့ပြီး အဆင့်(၁၀) နေရာ၌ ပီအက်စ်ဂျီအသင်း မှ  မာကွင်ဟိုက  ယူရို  ၉၅ ဒသမ ၅ သန်းဖြင့် ထိပ်ဆုံး ၁၀ ဦးစာရင်းတွင်ရပ်တည်ခဲ့ကြသည်။ 

လက်ရှိ  ဈေးကွက်တန်ဖိုးအမြင့်ဆုံးကစားသမား စာရင်းတွင် ဘာစီလိုနာအသင်းမှ  မက်ဆီက  ယူရို ၇၄ ဒသမ ၈ သန်းဖြင့် အဆင့် (၂၃)  နေရာ၌သာ ရပ်တည်နိုင်ခဲ့ပြီး ဂျူဗင်တပ်စ်အသင်းမှ စီရော်နယ်ဒိုက ယူရို ၃၉ ဒသမ၂ သန်းဖြင့် အဆင့် (၁၃၄) နေရာ၌သာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။