ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရာဂါပိုးတွေ့လူနာ ၄၄၅ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရာဂါပိုးတွေ့လူနာ ၄၄၅ ဦးထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၂၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၄၄၅ ဦးနှင့် သေဆုံးသူ ၁၆ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၂၀-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲအတည်ပြုလူနာ ၁၃၅၇၂၁ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှု အခြေအနေကို ယနေ့ ညနေ ၄ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၂၀-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၂၁-၁-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၉၁၄၇ ခုအားစစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြု လူနာသစ် ၄၄၅ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။