ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၁ဝ၇၁ ဦး ထပ်တိုး

နေပြည်တော်  နိုဝင်ဘာ  ၇

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၁ဝ၇၁ ဦးနှင့် သေဆုံးသူ ၂ဝ ဦးရှိကြောင်း သိရသည်။

(၆-၁၁-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲ အတည်ပြုလူနာ ၁၃၄၂ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၆-၁၁-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၇-၁၁-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၅၁၇၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၁ဝ၇၁ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။