ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၂၀၉ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19  ရောဂါပိုးတွေ့လူနာ ၂၀၉ ဦးထပ်တိုး

နေပြည်တော်  ဖေဖော်ဝါရီ  ၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည  ၉  နာရီတွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19  ရောဂါပိုးတွေ့လူနာ ၂၀၉ ဦးနှင့် သေဆုံးသူ ခုနစ်ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၃၁-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲအတည်ပြုလူနာ ၁၄၀၁၄၅ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ (၃၁-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၁-၂-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၉၀၁၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၂၀၉ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။