ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၂ ၁ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၂ ၁ ဦးထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၃၁
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုး တွေ့လူနာ ၂၈၁ ဦးနှင့် သေဆုံးသူ ၆ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၃၀-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲ အတည်ပြုလူနာ ၁၃၉၈၆၄ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၃၀-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၃၁-၁-၂၀၂၁)ရက် ည ၈ နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၂၇၉ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၂၈၁ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။