ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၄၄ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၄၄  ဦးထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၁၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19  ရောဂါပိုးတွေ့လူနာ ၄၄၈ ဦးနှင့် သေဆုံးသူ  ၁၃ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၁၈-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲ အတည်ပြုလူနာ ၁၃၄၇၉၅ ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၆ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၁၈-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၁၉-၁-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၂၀၆၉၄ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၄၈ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။