ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၄၇၇ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19  ရောဂါပိုးတွေ့လူနာ ၄၇၇ ဦးထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၁၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည  ၈  နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19 ရောဂါပိုးတွေ့လူနာ ၄၇၇ ဦးနှင့် သေဆုံးသူ ၁၈ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၁၇-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲ အတည်ပြုလူနာ ၁၃၄၃၁၈ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၄ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၁၇-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၁၈-၁-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၈၃၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၇၇ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။