ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၄၇ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19   ရောဂါပိုးတွေ့လူနာ ၄၇  ဦးထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၂၀

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19  ရောဂါပိုးတွေ့ လူနာ ၄၇၈ ဦးနှင့် သေဆုံးသူ ၁၁ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၁၉-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲအတည်ပြုလူနာ ၁၃၅၂၄၃ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ည ၆ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၁၉-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၂၀-၁-၂၀၂၁)ရက် ည ၈ နာရီ အတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၂၀၄၇၆ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19   ရောဂါဓာတ်ခွဲအတည်ပြု လူနာသစ် ၄၇၈ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားသည်။