ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၄၉၁ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19    ရောဂါပိုးတွေ့လူနာ ၄၉၁ ဦးထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၁၆

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည  ၈  နာရီတွင် COVID-19   ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌  COVID-19   ရောဂါပိုးတွေ့လူနာ ၄၉၁ ဦးနှင့် သေဆုံးသူ ၁၆ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၁၅-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲအတည်ပြုလူနာ ၁၃၃၃၇၈ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ည ၆ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၁၅-၁-၂၀၂၁)ရက်   ည ၈ နာရီမှ (၁၆-၁-၂၀၂၁)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၀၀၅ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် ၄၉၁ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။