ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၅၀၇ ဦးထပ်တိုး

ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၅၀၇ ဦးထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၂၃

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှု နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၅၀၇ ဦးနှင့် သေဆုံးသူ ၁၄ ဦးရှိကြောင်း သိရသည်။ (၂၃-၃-၂၀၂၀)ရက်မှ (၂၂-၁-၂၀၂၁)ရက်အထိ တွေ့ရှိရသောဓာတ်ခွဲအတည်ပြုလူနာ ၁၃၆၅၉၁ ဦး၏ မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေကို ယနေ့ည ၆ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။ (၂၂-၁-၂၀၂၁)ရက် ည ၈ နာရီမှ (၂၃-၁-၂၀၂၁)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၀၃၉၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၅၀၇ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။