ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၇၅၈ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၂၅

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၇၅၈ ဦးနှင့် သေဆုံးသူ ၂ဝ ဦးရှိကြောင်း သိရသည်။

(၂၄-၁၂-၂ဝ၂ဝ)ရက်  ဓာတ်ခွဲ စစ်ဆေးမှုများတွင် တွေ့ရှိရသော ဓာတ်ခွဲအတည်ပြုလူနာ ၉၁၉ ဦး၏  မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ညနေ ၅ နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၄-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၂၅-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉၅၄၃ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်   ၇၅၈ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။