ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၉၁၉ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၄

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19  ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19  ရောဂါပိုးတွေ့ လူနာ ၉၁၉ ဦးနှင့် သေဆုံးသူ ၂၅ ဦးရှိကြောင်း သိရသည်။

(၂၃-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၉၂၃ ဦး၏  မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၄  နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၃-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၂၄-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီ အတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၁၅၁၅ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  COVID-19  ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်   ၉၁၉ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။