ယနေ့ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၉၂၃ ဦးထပ်တိုး

နေပြည်တော်  ဒီဇင်ဘာ  ၂၃

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၉၂၃ ဦးနှင့် သေဆုံးသူ ၂၃ ဦးရှိကြောင်း သိရသည်။

(၂၂-၁၂-၂ဝ၂ဝ)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၉၆၄ ဦး၏  မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေကို ယနေ့ညနေ ၅  နာရီတွင် သတင်းထုတ်ပြန်ခဲ့သည်။

(၂၂-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီမှ (၂၃-၁၂-၂ဝ၂ဝ)ရက် ည ၈ နာရီအတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃ဝ၇၂ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ်  ၉၂၃ ဦးတွေ့ရှိ ရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။