ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၁၈၈   ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၅၂၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု  ၂ ဒသမ  ၄၆ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၂

ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၁-၁၂-၂၀၂၁) ရက် ည ၈ နာရီမှ (၂-၁၂-၂၀၂၁) ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂၁၁၈၈ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅၂၁ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၄၆ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၆၂၆၉၃၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၃၃၄၆ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၆၉၈ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၉၈၇၄၈ ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ကိုးဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၁၂၀ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက    သတင်းထုတ်ပြန်ထားသည်။