ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃ဝ၅၁ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၇၆ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ ၁၁ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃ဝ၅၁ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၇၆ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ ၁၁ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၂၉

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၂၈-၁၂-၂ဝ၂၁)ရက် ည ၈ နာရီမှ (၂၉-၁၂-၂ဝ၂၁)ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၃ဝ၅၁ ခု အား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၇၆ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၁၁ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၆ဝ၁၈၄၇၅ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၃ဝ၂၇၆ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂၂ဝ ဦး ဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၅ဝ၇၈ဝ၆ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်  ထပ်မံသေဆုံးသူ နှစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂၆၂  ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၂၈-၁၂-၂ဝ၂၁ ရက်အထိ လူဦးရေ စုစုပေါင်း ၂ဝ၆၁၇၈၁၅ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ ၁၅ဝ၆၂၂၅၁ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၅၅၅၅၅၆၄ ဦးရှိပြီဖြစ်သည်။

သို့ဖြစ်ပါ၍ ၂၈-၁၂-၂ဝ၂၁ ရက် အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ   စုစုပေါင်း ၃၅၆၈ဝဝ၆၆  ကြိမ် ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။