ယနေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးတွေ့လူနာ ၄၁၂ ဦး ထပ်တိုး

နေပြည်တော်  ဇန်နဝါရီ  ၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက  ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲ အဖြေများ၌ COVID-19 ရောဂါပိုးတွေ့ လူနာ ၄၁၂ ဦးနှင့် သေဆုံးသူ ၁၅ ဦးရှိကြောင်း သိရသည်။

(၃၁-၁၂-၂ဝ၂ဝ)ရက်   ည ၈ နာရီမှ (၁-၁-၂ဝ၂၁)ရက် ည ၈ နာရီ အတွင်း  ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၅၇၃၅ ခုအား   စစ်ဆေးပြီးစီးခဲ့ရာ  COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၄၁၂ ဦး တွေ့ရှိရကြောင်း   ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက  သတင်း ထုတ်ပြန်ထားသည်။