ယူရို ၂ဝ၂ဝ ပြိုင်ပွဲတွင် ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် ဆွစ်ဇာလန်အသင်းကို အနိုင်ရရှိပြီး  စပိန်အသင်း ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်

ယူရို ၂ဝ၂ဝ ပြိုင်ပွဲ  ကွာတားဖိုင်နယ်အဆင့် ပွဲစဉ် အဖြစ် ဇူလိုင် ၂ ရက်ညက ဆွစ်ဇာလန်အသင်းနှင့် စပိန်အသင်းတို့ယှဉ်ပြိုင်ကစားရာ    စပိန်အသင်းက  ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်   စပိန်အသင်းက   ခြေစွမ်းပိုင်းအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး ထိရောက်သည့် တိုက်စစ်ဆင်မှုမပြုလုပ်နိုင်ဘဲ   ပွဲချိန် ၈ မိနစ်တွင် ဆွစ်ဇာလန်အသင်းမှ ဇာကာရီ၏ ကိုယ့်ဂိုးကိုယ်သွင်းယူ ခဲ့မိသည့်သွင်းဂိုးဖြင့် စပိန်အသင်းက ဦးဆောင်နိုင်ခဲ့ သော်လည်း ပွဲချိန် ၆၈ မိနစ်တွင် ရှာကွီရီက ဆွစ်ဇာလန် အသင်းအတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။

ထို့နောက် ပွဲချိန် ၇၈ မိနစ်တွင် ဖျက်ထုတ်ပုံကြမ်း တမ်းခဲ့သည့် ဖလူလာကို ကွင်းလယ်ဒိုင်မိုက်ကယ်အိုလီ ဗာက တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ပြီးနောက် စပိန်အသင်း  အပိုင်ဂိုးသွင်းခွင့်များရရှိခဲ့သော်လည်း ဆွစ်ဇာလန်အသင်းဂိုးသမား ဆွန်မာ၏ လက်စွမ်းပြ ကာကွယ်မှုများကြောင့်  အချိန်ပို မိနစ် ၃ဝ အထိ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့ပေ။ ထို့ကြောင့်   ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် ဆွစ်ဇာလန်အသင်းက သုံးကြိမ်လွဲချော်ပြီး စပိန်အသင်းက နှစ်ကြိမ်သာ လွဲချော်သည့်အတွက်    စပိန်အသင်းက  ပယ်နယ်တီသွင်းဂိုး  ၃ ဂိုး-၁  ဂိုးဖြင့်အနိုင်ရရှိပြီး    ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။