ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့တွင် ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦး စင်တာ ဆောက်လုပ်ရန်အတွက် မြေနေရာပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ စစ်တွေမြို့တွင် ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦး စင်တာ ဆောက်လုပ်ရန်အတွက် မြေနေရာပေးအပ်လှူဒါန်း

 
နေပြည်တော်၊ စက်တင်ဘာ - ၂၀

 
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ရတနာ့မာန်အောင် တောရရိပ်သာ ဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တဝါယာမိန္ဒ အမှူးပြုသော စေတနာရှင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ ဆောက်လုပ်ရန် အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ မြေနေရာပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက် ပိုင်းတွင် စစ်တွေမြို့၊ ကျားရုပ်ပရိယတ္တိစာသင်တိုက်၌ ပြုလုပ်ရာ မြောက်ဦးမြို့၊ ရတနာ့ မာန်အောင် တောရရိပ်သာ ဆရာတော်ကြွရောက်တော်မူပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြောက်ဦး ဆရာတော်အား ဖူးမြော်ကြည်ညိုကြပြီး စစ်တွေမြို့၊ စက်မှုရပ်ကွက် (ဆတ်ရိုးကျ)တွင် ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ ဆောက်လုပ်ရန် အတွက် စုစုပေါင်းမြေကွက် ၇ ကွက်(မြေဧရိယာ ၂ ဒသမ ၇၇၃ ဧက)အား အခွန်လွတ် သာသနာဂရမ်လျှောက်ထားသည့် မြေနေရာနှင့်ပတ်သက်သော စာရွက်စာတမ်းများကို ရက္ခပူရ ဗုဒ္ဓတက္ကသိုလ်နှင့် မြောက်ဦးစင်တာ ဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းသည်။

 
ထို့နောက် မြောက်ဦးဆရာတော်က တည်ဆောက်ရေးလုပ်ငန်းအစီအမံများနှင့် ပတ်သက်၍ မိန့်ကြားတော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လိုအပ်သည် များ ဖြည့်စွက်လျှောက်ထားတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။