ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ပြည်နယ် ဆေးရုံကြီးတို့မှ ဝန်ထမ်းများ၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း များအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ပြည်နယ် ဆေးရုံကြီးတို့မှ ဝန်ထမ်းများ၊ စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း များအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၂၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ပြည်နယ် ဆေးရုံကြီးမှ ဝန်ထမ်းများ၊ စစ်တွေမြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်း များအား ဂုဏ်ပြုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် စစ်တွေပြည်သူ့ဆေးရုံကြီး(ခုတင်-၅၀၀)၌ ပြုလုပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံကြီးတို့မှ ဝန်ထမ်းများ၊ စစ်တွေမြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ အတွက် အလှူငွေများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ပြည်နယ်ကုသရေး ဦးစီးဌာန ပြည်သူ့ဆေးရုံအုပ်ကြီးက ကျေးဇူးတင် စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များက ပြည်သူ့ဆေးရုံ ကြီး၌ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။