ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆူပူအကြမ်းဖက်ဆန္ဒပြ လူစုလူဝေးများက လမ်းမများ ပေါ်တွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်း

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ဆူပူအကြမ်းဖက်ဆန္ဒပြ လူစုလူဝေးများက လမ်းမများ ပေါ်တွင် ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်း

နေပြည်တော်၊ မတ် - ၂၁
    
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းမများပေါ်တွင် ဆူပူအကြမ်းဖက်ဆန္ဒပြ လူစုလူဝေးများက ပိတ်ဆို့ထားရှိသည့် အတားအဆီးများအား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်း သာယာရေးကို လိုလားကြသည့် ပြည်သူလူထုများ၏ တောင်းဆိုမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင် များက မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ အတားအဆီး များအား ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် အခြားမြို့နယ်များအတွင်းရှိ အများပြည်သူ၏ လမ်းပန်းဆက်သွယ် သွားလာမှုများကို ထိခိုက်စေရန်၊ မီးဘေးအန္တရာယ်ကာကွယ်ရေးဆောင်ရွက်မည့် မီးသတ်တပ်ဖွဲ့ယာဉ်များ သွားလာ၍မရစေရန်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးဆောင်ရွက်မှုများကို အနှောင့် အယှက်ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် လမ်းမများပေါ်၌ တာယာကွင်းများ၊ သဲအိတ်များ၊ သစ်ကိုင်းများ၊ အုတ်ခဲကျိုးများ၊ သံချောင်းများ စသည့် ပစ္စည်းမျိုးစုံတို့ကို အသုံးပြုကာ လမ်းပိတ်ဆို့ထားရှိမှုများအား လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေးကို လိုလားကြသည့် ပြည်သူထူထုများ၏ တောင်းဆိုမှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ  ဝန်ထမ်းများ၊ မိမိသဘောဆန္ဒဖြင့် ပူးပေါင်းပါဝင်လာကြသည့် ဒေသခံပြည်သူ များနှင့် ပူးပေါင်း၍ လမ်းမများပေါ်၌ ပိတ်ဆို့ထားသည့် အတားအဆီးများအား ယာဉ်^ ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်ကြသည်။
    
ယင်းသို့ ဆောင်ရွက်နေမှုများကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။