ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးဂီတပညာရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးဂီတပညာရှင်များအား ထောက်ပံ့ငွေများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်

နေပြည်တော်၊ ဇူလိုင် - ၂၆    
  

 ပြည်သူများကို ရုပ်ရှင်၊ ဂီတ၊ အနုသုခမပညာရပ်များဖြင့် ဖျော်ဖြေတင်ဆက်ပြီး နိုင်ငံတော်၏ အနုပညာကဏ္ဍတိုးတက်အောင် လုပ်ဆောင်နေကြသည့် အနုပညာ ရှင်များ၊ ၎င်းတို့နှင့် ဆက်စပ်လုပ်ကိုင်နေကြသူများသည် အနုပညာလုပ်ငန်းများ လုပ်ကိုင်နေမှသာလျင် အဆင်ပြေကြသူများဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း အလုပ်အကိုင်ရှားပါးလျက်ရှိသဖြင့် စားဝတ်နေရေး အခက်အခဲများဖြစ်ပေါ်လျက်ရှိသည့် သက်ကြီးအနုပညာရှင်များအား ထောက်ပံ့ငွေ နှင့် စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လျက်ရှိသည်။
    

ထိုသို့ ထောက်ပံ့ပေးအပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စားဝတ်နေရေးအခက်အခဲဖြစ်ပေါ်လျက်ရှိ သည့် သက်ကြီးဂီတပညာရှင် ၃၁ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့် ဆန်၊ ဆီ၊ ကြက်ဉ၊ တပ်မတော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများကို ယနေ့တွင် ရန်ကုနတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက အဆိုပါ သက်ကြီး ဂီတပညာရှင်တစ်ဦးချင်းစီ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ရာ သက်ကြီးဂီတပညာရှင်များက ဝမ်းပန်းတသာ လက်ခံရယူပြီး ကျေးဇူး တင်စကား များပြန်လည်ပြောကြားခဲ့ကြသည်။
    

အဆိုပါ သက်ကြီးဂီတပညာရှင်များအတွက် ထောက်ပံ့ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ စုစုပေါင်းငွေကျပ် ၃၃၅ သိန်းကျော် ဖြစ်ကြောင်း သတင်းရရှိသည်။