ရန်ကုန်တိုင်းဒေသကြီးအတွင်း ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုချီးမြှင့်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင် များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ အောက်တိုဘာ - ၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ထူးချွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ၊ ထူးခွန်ရဲတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကားများ ပြောကြား ကြသည်။ ထို့နောက် ထူးချွန်ရဲတပ်ဖွဲ့ဝင် ၅၀ ဦးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ်သိန်း ၅၀ နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြုချီးမြှင့်သည့် ငွေကျပ်သိန်း ၂၀ တို့ကို ဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က အသီးသီး ပေးအပ်ချီးမြှင့်ကြရာ ထူးချွန်ရဲတပ်ဖွဲ့ဝင်များကိုယ်စား တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြောင်း သတင်းရရှိသည်။