ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန်(၁)တွင်မီးရှို့ခံရမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာမြို့နယ်၊စက်မှုဇုန်(၁)တွင်မီးရှို့ခံရမှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ဆောင်ရွက်

နေပြည်တော်၊မတ်လ၁၆
    
၂၀၂၁ခုနှစ်၊မတ်လ၁၆ရက်နေ့ မွန်းလွဲ၂နာရီ၅၀မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊စက်မှုဇုန်(၁)၊ဦးထွန်းညိုလမ်း၊ အကွက် အမှတ်(၈၁)ရှိWinco Bag Industrial Co.,Ltdကျောပိုးအိတ်စက်ရုံ၏ (၁၂၀x၈၀)ပေ၊သွပ်မိုး၊အုတ်ကာ StreeStructer (၂)ထပ် အဆောက်အဦတွင်ရှို့မီးဟုယူဆရသည့်မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့်  လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့်အတူလှိုင်သာယာမြို့နယ်မီးသတ်စခန်းတို့ မှမီးငြှိမ်းသတ်ယာဉ်များ၊ မီးသတ်ရေ သယ်ယာဉ် များ ဖြင့် သွားရောက်၍ မီးငြှိမ်း သတ်ခြင်းဆောင်ရွက်ခဲ့ ပါသည်။
    
အဆိုပါမီးလောင်ပြင်သို့မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်ယာဉ်(၂)စီး ထပ်မံရောက်ရှိပြီးစုစုပေါင်းမီးသတ်ယာဉ်(၇)စီး၊သန္ဓေ(၃၀)ဦး၊အရန်(၁၀)ဦးတို့ဖြင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများဆက်လက်ဆောင်ရွက်ခဲ့ရာမွန်းလွဲ၄နာရီ၂၃မိနစ်အချိန်တွင်မီးထိန်းနိုင်ခဲ့ပြီးမွန်းလွဲ ၅နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရှိရသည်။ 
    
အဆိုပါ မီးလောင်ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကပတ်ဝန်းကျင်တစ်ဝိုက်အားလိုက်လံရှာဖွေဖော်ထုတ်မှုများဆောင်ရွက် စဉ် စက်ရုံအနီးလမ်းမပေါ်တွင် ပြစ်မှုကျူးလွန်ခဲ့သူများကအုပ်စုဖွဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား  လေးဂွများ၊ အုတ်ခဲ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ တုတ်၊ ဓား၊ လက်နက်များဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများလုပ်ဆောင်လာခဲ့သည်။