ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်အား အမျိုးသား ၆ ဦးက သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကျော်အား လုယက်ယူဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်အား အမျိုးသား ၆ ဦးက သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကျော်အား လုယက်ယူဆောင်

 
နေပြည်တော်၊ အောက်တိုဘာ ၂၂

 
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ကမ္ဘောဇဘဏ်အား အမျိုးသား ၆ ဦး (စိစစ်ဆဲ)က သေနတ်ပြခြိမ်းခြောက်ကာ ငွေကျပ်သိန်း ၃၀၀၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့ နေ့လည် ၁၂ နာရီ ၄၀ မိနစ်အချိ်နတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ၄၈ လမ်းနှင့် မဟာဗန္ဓုလလမ်း ထောင့်ရှိ ကမ္ဘောဇဘဏ်သို့ အမျိုးသား ၆ ဦးရောက်ရှိလာပြီး ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ဘဏ် တံခါးများအား ပိတ်၍ ဘဏ်ဝန်ထမ်းများနှင့် ဘဏ်အတွင်းရှိနေသူများအား သေနတ်ပြခြိမ်းခြောက်ကာ ကောင်တာစားပွဲပေါ်ရှိ ငွေကျပ်သိန်း ၃၀၀၀ ကျော်အား ယူဆောင်၍ ဘဏ်အတွင်းရှိ ငွေလာရောက် အပ်နှံ/ထုတ်ယူသူများ၏လက်ကိုင်ဖုန်း ၆ လုံးအား လုယက်ယူဆောင်ပြီး ၁၅ မိနစ်အကြာတွင် ယာဉ် အမှတ်(စိစစ်ဆဲ)၊ Toyota Fielder အဖြူရောင်ယာဉ်ဖြင့် ဘဏ်မှ ပြန်လည်ထွက်ခွာသွားကြောင်း သိရ သည်။
ဖြစ်စဉ်တွင် ဘဏ်လုယက်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အသေးစိတ်ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။