ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြု ရန်အတွက် ပစ္စည်းများသိုဝှက်ထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများန

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြု ရန်အတွက် ပစ္စည်းများသိုဝှက်ထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့် အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန်ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိ

 

နေပြည်တော်၊ ဩဂုတ်- ၁၁

 

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး လုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများသိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ ဝင်ရောက်ရှာဖွေစဉ် တရားခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖောက်ခွဲဖျက်ဆီးရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တိုက်ခန်းပေါ်မှ ခုန်ချထွက်ပြေးရန် ကြိုးစားသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ကာ အမျိုးသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
    

ဖြစ်စဉ်မှာ ဩဂုတ် ၁၀ ရက် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ (၄၄)လမ်း၊ တိုက်အမှတ်(၁၆)၊ (၃)လွှာ၌ ဖောက်ခွဲ ဖျက်ဆီးရေးလုပ်ရပ်များတွင် အသုံးပြုရန်အတွက် ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ တိုက်ခန်းအတွင်းမှ သီဟကောင်းဆက်(၂၀)နှစ်ပါ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား အကြမ်းဖက်လုပ်ရပ်များတွင် အသုံးပြုမည့်ပစ္စည်းများဖြစ်သော လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊ ယမ်းပျော့ ၂ ချောင်း၊ ၁ ထုပ်လျှင် ဗျောက်အိုး ၅၀ ပါ အထုပ် ၂ ထုပ်အပါအဝင် ဆူပူအကြမ်းဖက် ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
    

ထို့သို့လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစဉ် အခန်းအတွင်း ကျန်ရှိနေသည့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးစစ်ဆေးခြင်းကို ခံယူခြင်းမရှိဘဲ အဆိုပါတိုက်ခန်း ၃ လွှာ အနောက်ဘက်ရှိ ပြတင်းပေါက်မှ ခုန်ချထွက်ပြေးခဲ့သဖြင့် တိုက်ခန်းအောက်ခြေရှိ ကွန်ကရစ်ကြမ်းပြင်ပေါ်သို့ ပြုတ်ကျခဲ့၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ သေဆုံးခဲ့ကာ အမျိုးသား ၃ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် လိုအပ်သော ဆေးဝါး ကုသမှုခံယူနိုင်ရေးအတွက် တပ်မတော်ဆေးရုံ(ကုတင်-၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့သည်။
    

အဆိုပါဖြစ်စဉ်တွင် လူသေဆုံးမှုများနှင့်ပတ်သက်၍ ရဲလုပ်ငန်းစဉ်များနှင့်အညီ သေမှု သေခင်းရေးဖွင့်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိထားသူ တရားခံများနှင့် ဆက်စပ်တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
    

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာများပေါ်၌ မဟုတ်မမှန် သတင်းများ ထုတ်လွှင့်ဖြန့်ချိလျက်ရှိရာ ဖြစ်စဉ်မှန်နှင့်ပတ်သက်ပြီး  ဖမ်းဆီးရမိသူများ၏ ပြောကြားချက်ကို ယခုလိုကြားသိခဲ့ရပါတယ်-

မပိုးကျော့ကျော့ခန့်
    နာမည်က မပိုးကျော့ကျော့ခန့်ပါ။ မှတ်ပုံတင်နံပါတ်က ၁၂/သလန(နိုင်)၁၄၆၄၈၇ ၊ အဖေနံမည်က ဦးဇော်မင်းထေွး၊ နေရပ်လိပ်စာက အမှတ် B/၆၁၊ သဇင်(၅)လမ်း၊ အေးသာ ယာရပ်ကွက်၊ အောင်ချမ်းသာ၊ သံလျင်မြို့ ဖြစ်ပါတယ်။
    တစ်ပါတ်မှာ ၂ ရက် ၊ ၃ ရက်လောက် ဖောက်ခွဲရေးနဲ့ပါတ်သက်ပြီး၊ သပိတ်နဲ့ ပတ်သက် ပြီး အစည်းအဝေးလည်း လုပ်ဖြစ်ပါတယ်။ ဩဂုတ်လ ၁၀ ရက်နေ့ မနေ့က ဗလနဲ့ ညီမက စျေးသွားပြီး ပြန်ရောက်ရောက်ချင်းမှာ လုံခြုံရေးကားရောက်နေတယ်ဆိုတာ ရုပ်ရုပ်သဲသဲ ဖြစ်ကုန်ပါတယ်။ နောက်ပေါက် မရှိတော့ အောက်ထပ်က ပြတင်းပေါက်ကနေ ခုန်ချဖို့ကြည့် တော့ တံခါးဖွင့်လို့မရဘူး။ ဒါနဲ့ အပေါ်ဆုံးထပ် ပြတင်းပေါက်ကနေ ကိုရဲမင်းဦးက ပထမဆုံး ခုန်ချလိုက်တယ်။ ပြီးတော့ နောက်လူတွေ ထပ်ပြီးခုန်ချတယ်။ ခုန်ချတဲ့အထဲမှာ ကိုရဲမင်း၊ ဗလ၊ ကိုဝေဇော်ထက်၊ ကိုဝေယံထက်၊ မဝေဝေမြင့်ရယ်ပါတယ်။ ညီမကလည်း ခုန်ချဖို့လုပ်ပါ သေးတယ်။ ညီမခုန်ချခါနီးမှာ အောက်ကိုကြည့်လိုက်တော့ အကုန်လုံးက တုံးလုံးလဲနေပြီး သွေးထွက်သံယိုတွေ ဖြစ်နေတော့ ညီမလည်း ခုန်ချလိုက်ရင် ညီမကလေးလည်း တစ်ခုဖြစ် သွားမှာစိုးလို့ မခုန်ချဖြစ်လိုက်ပါဘူး။ 
    လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ တွန်းချတာမရှိပါဘူး။ ညီမခုန်ချဖို့ လုပ်တာကို သူတို့က ပြန်တက်ဖို့အတွက် ပြန်ဆွဲခေါ်ပါတယ်။ ခုန်ချတဲ့ ၅ ယောက်ထဲမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ ၃ ယောက်က ဗလ၊ ကိုရဲမင်းဦး၊ ကိုဝေယံထက်တို့က မူးယစ်ဆေးဝါးသုံးစွဲထားပါ တယ်။ ကျန်တဲ့သူတွေက သုံးမသုံး မသိပါဘူး။ ဒီကိုရောက်တော့ ညီမကို ရိုက်နှက်တာတွေ မရှိပါဘူး။ မသစ္စာအောင်က မူးယစ်ဆေးဝါး သုံးတာကို တွေ့ဖြစ်တယ် ဩဂုတ်လ ၁၀ ရက်နေ့ မှာ ညီမတို့နဲ့အတူ Steel ပိုက်တွေ၊ Smoke ဗုံး၊ ယမ်း၊ ရီမုမိုင်းလုပ်ဖို့အတွက် အခွံအလုံး ၂၀ လောက် အခုမိပါတယ်။ ညီမက ပထမတစ်ခေါက် ဗိုလ်တစ်ထောင်နားမှာ ဖောက်ခွဲရေးလုပ်ပါ တယ်။ ဒုတိယတစ်ခေါက်က Micro။ တတိယတစ်ခေါက်မှာတော့ Custom ထဲကို မိုင်းဖောက်ခွဲ တာကို သိရပါတယ်။ စတုတ္ထတစ်ခေါက်မှာ ၅၁ လမ်းက Custom ထဲလို့သိရပါ တယ်။ အဲ့မှာ နှစ်လုံးသွားထားတာ မပေါက်ကွဲလိုက်ပါဘူး။ (၅)ကြိမ်မြောက်က မော်တော်ပီ ကယ်ရုံးလို့ သိရပါတယ်။ ၆ ကြိမ်မြောက်ကတော့ ၈ ရက်နေ့က ပုဇွန်တောင်စျေးရှေ့မှာ ဖောက်ခွဲတဲ့အကြောင်း သိရပါတယ်။ ညီမသိသလောက်ကတော့ အဲ့ ၆ ကြိမ်ပဲသိရပါတယ်။ တစ်ကယ်လုပ်တာတော့ ဘယ်နှကြိမ်မှန်းမသိဘူး။ ညီမသိတာတော့ ၆ ကြိမ်ပဲသိတယ်ရှင့်။
    

ညီမတို့ စားဖို့သောက်ဖို့၊ နေဖို့၊ ဖောက်ခွဲရေးလုပ်ဖို့တွေကို ထောက်ပံ့ပေးတာက မဝေ ဝေမြင့်က ထောက်ပံ့ပေးတာလို့ သိရတယ်။ သူနဲ့ NUG ၊ CRPH ချိတ်ဆက်မိလားတော့ ညီမ မသိဘူးရှင့်။ မင်းသစ္စာအောင်(ခ)ဗလ၊ ရဲဝင်းဦး၊ ကိုဝေထွန်းတို့က ပြောက်ကျားသပိတ်လုပ်ဖို့ အတွက်ကို အစည်းအဝေးလုပ်တာလို့ ကြားရတယ်။ ဩဂုတ်လ ၈ ရက်နေ့မှာ ညီမတို့ နေအိမ် မှာ ဖောက်ခွဲမှုအတွက် လက်လုပ်မိုင်းတွေ လာရောက်လုပ်ဆောင်သွားတာကို သိရပါတယ်။ ပုဇွန်တောင်စျေးကို ဖောက်ခွဲဖို့အတွက် လာလုပ်သွားတယ်လို့သိရပါတယ်။ 

သီဟကောင်းဆက်
    

ကျွန်တော် နံမည်က မောင်သီဟကောင်းဆက်ပါ။ အသက်က ၂၀ ပါ။ မှတ်ပုံတင်က ၁၂/ (သ/တ) (စ/ဆ) (သ/တ) (နိုင်) ၀၃၆၉၅၁ ပါ။ အဖေနံမည်က ဦးမြင့်ဦးလေးပါ။ နေရပ်လိပ်စာ က အမှတ် ၈၂၊ မင်္ဂလာသီရိလမ်း၊ မြို့သစ်ရပ်ကွက်၊ ဒေါပုံမြို့နယ်။ ဩဂုတ်လ ၁၀ ရက်နေ့ မနေ့က ၆ ရပ်ကွက်၊ အိမ်နံပါတ်(၃၈) မှာ ကျွန်တော်၊ မင်းသစ္စာအောင်၊ ပိုးကျော့ကျော့ခန့်၊ ဝေဝေမြင့်၊ Brother ဝေ (ခ) ဝေကြီး၊ ယံယံ၊ ဝေထွန်း၊ ရဲမင်းဦး၊ ဖလက်(ရှ်) တို့ ရှိနေကြပါ တယ်။ မင်းသစ္စာအောင် ငှားပေးထားတဲ့ အိမ်မှာ ကျွန်တော်တို့ အားလုံးစုနေဖို့အတွက် ငှားပေးထားလို့ ကျွန်တော်တို့အားလုံး စုနေကြပါတယ်။ တစ်ပါတ်မှာ ၃ ကြိမ်လောက် အစည်း အဝေးတွေလုပ်ကြပါတယ်။ ဆွေးနွေးတာတွေ လုပ်ကြပါတယ်။ ဖောက်ခွဲဖို့ တိုင်ပင်တာလည်း လုပ်ကြပါတယ်။ ရံဖန်ရံခါမှာ စည်သူ၊ အားကျယ် စတဲ့ ဧည့်သည်မျိုးတွေ လာတာလည်း ရှိ ကြပါတယ်။ ကျွန်တော်တို့ အဲ့အိမ်မှာနေတာ ၂ လ လောက်ရှိပါပြီ။ ကျွန်တော်တို့ ကမ်းနားလမ်း Custom ရုံးကို ဖောက်ခွဲပါတယ်။ မဟာဗန္ဓုလလမ်းပေါ်က Custom အိမ်ယာ ကို ဖောက်ခွဲပါတယ်။ ပြီးတော့ Micro ကားပါကင်ကို ဖောက်ခွဲပါတယ်။ အ.ထ.က (၅) ဗိုလ် တစ်ထောက်မှာ ဖောက်ခွဲပါတယ်။ လသာမြို့နယ် ယာဉ်ထိန်းရုံး တစ်ခုကို ဖောက်ခွဲပါတယ်။ ပြီးတော့ ပုဇွန်တောင်မြို့နယ်က ဆားလင်းကြီး ဘုန်းကြီးကျောင်းဘေးမှာလည်း ဖောက်ခွဲမှု တွေပြုလုပ်ခဲ့ပါတယ်။ စုစုပေါင်း ဖောက်ခွဲမှု ၇ ခုပြုလုပ်ခဲ့ပါတယ်။ ဖောက်ခွဲ‌ရေးပစ္စည်းတွေကို ဆင်တဲ့အခါမှာ ကျွန်တော်၊ အားကျယ်၊ စည်သူတို့က ဆင်လေ့ရှိပြီး ကောင်းမြတ်စံက သွား ရောက်ဖောက်ခွဲလေ့ရှိပါတယ်။ အဲ့ဒီနေ့ မနက်က ကိုမင်းသစ္စာအောင် ငှားစီးနေကြ Texi ဆရာက မနက် ၉ နာရီ လောက်မှာ ဖုန်းဆက်လာပါတယ်။ ဒါနဲ့ ကိုမင်းသစ္စာအောင်က Texi ဆရာ ဖုန်းဆက်တာကို မသင်္ကာဖြစ်တယ်ဆိုပြီး ကျွန်တော်တို့ကို ပြောပါတယ်။ ဒါနဲ့ ဝေဖြိုး လေးကို Scout အနေနဲ့ လမ်းထိပ်ကို ထွက်ပြီး Texi ဆရာကို ကြည့်ခိုင်းပါတယ်။ မကြာခင် ဝေဖြိုးလေးဆီက အဆက်အသွယ်မရတော့ပါဘူး။

အဲ့အချိန်မှာပါပဲ လမ်းထဲကို ကားတစ်စီးဝင် လာပါတယ်။ ဝရန်တာမှာရှိနေတဲ့ ကိုရဲမင်းဦးက လာနေပြီ....လာနေပြီ ဆိုပြီး အော်ပြောတဲ့ အတွက် ကျွန်တော်တို့ အိမ်အပေါ်ထပ်ကို ပြေးတက်ခဲ့ပါတယ်။ ကိုဝေထွန်းရယ်၊ ဖလက်(ရှ်) က အိမ်ရှေ့ဝရန်တာက ထွက်ပြေးဖို့လုပ်ပါတယ်။ အဲ့အချိန် သေနတ် တစ်ချက်ဖောက်ပါ တယ်။ ဒါနဲ့ ကျွန်တော်လည်း အနောက်ကို ထွက်ပြေးလာပါတယ်။ ကျွန်တော် အနောက်ကို ထွက်ပြေးလာတဲ့အချိန်မှာ ကိုရဲမင်းဦး၊ မင်းသစ္စာအောင်၊ ဝေဝေမြင့်၊ ယံယံ၊ ကိုဝေကြီးတို့က ၃ ထပ်တိုက်ပေါ်က ခုန်ချခဲ့တာဖြစ်ပါတယ်။ ကျွန်တော့်ကို ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တဲ့ အ တွက် ခုန်ချနိုင်ခဲ့ခြင်း မရှိပါဘူး။ ရဲတပ်ဖွဲ့ဝင်တွေက တွန်းချခဲ့ခြင်းမျိုးလည်း မရှိပါဘူး။ ခုန်ချ သွားတဲ့ ၅ ယောက်ထဲက ကိုမင်းသစ္စာအောင်၊ ကိုရဲမင်းဦး၊ ကိုယံယံတို့က မူးယစ်ဆေးသုံးစွဲ တာမျိုးရှိပါတယ်။ ကျန်တဲ့ ၂ ယောက်ကတော့ သုံးစွဲခြင်း ရှိမရှိ မသိပါဘူး။ သေသွားတာက ၂ ယောက်လို့ ကျွန်တော်ကြားရပါတယ်။ ၃ ယောက်ကတော့ ဒဏ်ရာရတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့ ဖမ်းဆီးခံရတဲ့ အချိန်မှာ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေက ချိန်ကိုက်ဗုံးလုပ်ဖို့ အတွက် ဗုံးခွံအခု ၂၀၊ ယမ်းတွေ၊ Smoke ဗုံးတွေ၊ အုန်းဆံကြိုးတွေ၊ မီးထုပ်တွေ ဒါတွေအား လုံးက နောက်ထပ် ဖောက်ခွဲမှုတွေ ပြုလုပ်ဖို့အတွက် ကျွန်တော်တို့ သိမ်းထားတဲ့ ပစ္စည်းတွေ ဖြစ်ပါတယ်။  ဖောက်ခွဲရေးပစ္စည်းတွေဝယ်ဖို့၊ ရဖို့၊ သွားစရိတ်၊ လာစရိတ်၊ သုံးစရိတ်တွေ အတွက် မဝေဝေမြင့်က ထောက်ပံ့ပေးပါတယ်။ သူက CRPH ၊ NUG တို့လို အဖွဲ့အစည်းတွေ နဲ့ ဆက်စပ်မှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ အတိအကျတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က ဖေဖော်ဝါရီလလောက်ကစပြီး နည်းပညာတက္ကသိုလ်‌ကျောင်းသား သပိတ်တွေ၊ လေကြောင်းတက္ကသိုလ် ကျောင်းသားသပိတ်တွေမှာ ပါဝင်ခဲ့ပါတယ်။ ပြီးတော့ ပြောက်ကျား သပိတ်တွေမှာလည်း ပါဝင်ခဲ့ပြီး ဗွီဒီယိုရိုက်ကူးတာတွေ၊ ဓါတ်ပုံရိုက်ကူးတာတွေလုပ်ခဲ့ ပါတယ်။ ရလာတဲ့ ဗွီဒီယို၊ ဓါတ်ပုံ၊ Record တွေကို မင်းသစ္စာအောင်ကို ပို့ပေးရပါတယ်။ သူက တစ်ဆင့် Face Book Page တွေကို တင်တာမျိုးတွေ လုပ်ပါတယ်။