ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်လဲလှယ်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ (၂၀)ကြိမ်မြောက် ထွက်ခွာ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တာဝန်လဲလှယ်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ (၂၀)ကြိမ်မြောက် ထွက်ခွာ

 
နေပြည်တော်၊ ဩဂုတ်- ၇

 
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေး ဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိ သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်း တပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။
အဆိုပါလှည်းကူးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)တွင် (၁၉)ကြိမ်မြောက်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ဆေးမှူးဆရာဝန်များပါဝင်သော (၄၀)ဦးနှင့်တာဝန်လဲလှယ်ထမ်းဆောင်ရန် (၂၀)ကြိမ်မြောက်တွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များအား ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
ထို့နောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်ရမည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် အခြေ အနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက တာဝန်ထမ်းဆောင်မည့် ဆေးဝန် ထမ်းတပ်ဖွဲဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
အဆိုပါတာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များတွင် ဆေးကုသမှု ပါရဂူ ၅ ဦး၊ စိတ်ကျန်းမာရေးပါရဂူ ၁ ဦး၊ မေ့ဆေးပါရဂူ ၅ ဦး၊ ဓာတ်မှန်ပါရဂူ ၂ ဦး၊ ဆေးမှူးဆရာဝန် ၇ ဦး၊ သူနာပြုအရာရှိ ၁၂ ဦး၊ အထက်တန်းသူနာပြု ၂ ဦး၊ သူနာပြု ကျွမ်းကျင် ၂ ဦး၊ ဓာတ်ခွဲကျွမ်းကျင် ၂ ဦး၊ ဓာတ်မှန်ကျွမ်းကျင် ၂ ဦး၊ စုစုပေါင်း ၄၀ ဦး ပါဝင်၍ ၎င်းတို့သည် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ် ကုသရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဆေး တက္ကသိုလ်မှ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။