ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့်ရွှေပြည်သာမြို့နယ်တို့တွင် စစ်အုပ်ချုပ်ရေးကြေညာ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ Global Fashion အထည်ချုပ်စက်ရုံ၊ ဝေကြယ်အထည်ချုပ်စက်ရုံ၊ ရွှေနဂါးဓာတ်မြေဩဇာစက်ရုံ၊ ယွမ်ဟောင်အထည်ချုပ်စက်ရုံ၊ စမ်းမာထက်အထည်ချုပ်စက်ရုံတို့အား မီးရှို့မှုဖြစ်ပွားခဲ့ပါသည်။ သက်ဆိုင်ရာ မီးသတ်စခန်း များက မီးငြိမ်းသတ်ရန်ဆောင်ရွက်သော်လည်း ဆန္ဒပြဆူပူလှုပ်ရှားသူများသည် မီးသတ် ယာဉ်များ မီးသတ်စခန်းများက ထွက်ခွာ၍မရအောင် အတားအဆီများချထားခြင်း၊ လူအင် အား ၂၀၀၀ ကျော်ဖြင့် ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာ စက်မှုဇုန်(၂)ရှိ Myanmar Solo Moda အထည်ချုပ်စက်ရုံ၊ JCK အထည်ချုပ်စက် ရုံနှင့် အမှတ်(၆)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီးဘေးရှိ အခြေခံပညာအထက်တန်းကျောင်း တို့တွင်လည်း မီးလောင်မှုများ ဖြစ်ပွားခဲ့ပါသည်။ သက်ဆိုင်ရာ မီးသတ်စခန်းက မီးငြိမ်းသတ် ရန်ဆောင်ရွက်မှုကို ဆန္ဒပြဆူပူလှုပ်ရှားသူများက ပိတ်ဆို့တားဆီးခဲ့ကြပါသည်။ 

ယခင်နေ့များ ကလည်း အကြမ်းဖက်လိုသူများက အကြမ်းဖက်မှုများကို အလားတူ ဆောင်ရွက်ခဲ့ကြပါ သည်။ သို့ပါ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးတို့ကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်များအတွင်း စစ်အုပ်ချုပ်ရေး ကြေညာ ခဲ့ကြောင်း သတင်းရရှိသည်။