ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆေး၊ ဆေးပစ္စည်းများနှင့် အသား၊ ငါးများအား ဈေးနှုန်း မှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဆေး၊ ဆေးပစ္စည်းများနှင့် အသား၊ ငါးများအား ဈေးနှုန်း မှန်ကန်စွာဖြင့် လက်လီလက်ကား ရောင်းချပေးသည့် အစီအစဉ်အား တိုးချဲ့ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၂၁

  ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့် ကာလအတွင်း ရန်ကုန်တိုင်းဒေ သကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများ လွယ်လင့်တကူ ဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်းမှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက်အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်း အစီအစဉ်ကို ယနေ့တွင် ဆက်လက် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၁၀ ခုမှ ငွေကျပ် ၂ သိန်းကျော်တန်ဖိုးရှိ အိမ်သုံးဆေးဝါး ၁၄၁ မျိုးအား ရောင်းချပေးခဲ့သည်။

  အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချ ပေးလျက်ရှိသည့် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေးရပ်ကွက်၊ အမှတ်(၁၀၄/၁၀၈)နေရာ၌လည်း ၂၇ ရက်နေ့အဖြစ် ဆက်လက် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ငွေကျပ် ၁ သိန်းကျော် တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများ ရောင်းချနိုင်ခဲ့သည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အချို့တွင်းလည်း ရွေ့လျားဈေးကားဖြင့် အသား၊ ငါးများကို ရောင်းချ ပေးခဲ့ကြောင်း သတင်းရရှိသည်။