ရာသီဥတုခြောက်သွေ့မှုကြောင့် အမေဇုန် မိုးသစ်တော၌ ဆိုးဝါးသော မီးလောင်မှုများ ဖြစ်ပွားနိုင်

ယခုနှစ်တွင် ရာသီဥတုခြောက်သွေ့မှုကြောင့်    ဘရာဇီးနိုင်ငံ၏ အမေဇုန်မိုးသစ်တောနှင့် ပန်တာနယ်စိမ့်မြေ အရပ်တို့၌ ဆိုးဝါးသော  မီးလောင်မှုများ ဖြစ်ပွားနိုင်ကြောင်းနှင့် မိုးခေါင်မှုကြောင့်လည်း ရာသီဥတုပြောင်းလဲမှုကို ထိန်းချုပ်ရာတွင် အရေးပါသည့်    သစ်တောပြုန်းတီးမှုများကို ပိုမိုဖြစ်ပွားစေနိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

ပန်တာနယ်စိမ့်မြေ၌ ပြီးခဲ့သည့်နှစ်တွင် ရာသီဥတု ခြောက်သွေ့မှုကြောင့် စံချိန်တင်မီးလောင်မှုများ ဖြစ်ပွားကာ အမေဇုန်မိုးသစ်တော၌ ၂ဝ၁၇ ခုနှစ်မှစ၍ အဆိုးဝါးဆုံး မီးလောင်မှုများဖြစ်ပွားကြောင်း  ဘရာဇီးနိုင်ငံ၏ အမျိုးသားအာကာသ သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

အမေဇုန်ဒေသများ၌ ယခုနှစ်မိုးရာသီအတွင်း    ခြောက်သွေ့မှုများ ပိုမိုဖြစ်ပွားကြောင်းနှင့်    ပန်တာနယ်စိမ့်မြေအရပ်၌ ယခုနှစ်မိုးခေါင်မှုသည် ၂ဝ၂ဝ ပြည့်နှစ်ကထက် ပိုမိုပြင်းထန်ကြောင်း ပညာရှင်များက ပြောသည်။

ဘရာဇီးနိုင်ငံ၌    ၂ဝ၁၉ ခုနှစ်တွင် လက်ယာယိမ်းသမ္မတ    ဂျဲဘိုဆွန်နာရို တက်လာချိန်မှစ၍ အမေဇုန်မိုးသစ်တော၌ မီးလောင်မှုနှင့်    သစ်တောပြုန်းတီးမှု မြင့်တက်လာကြောင်းနှင့် ထိုဒေသ၌ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

အမေဇုန်မိုးသစ်တောသည် ကမ္ဘာ့အကြီးဆုံး မိုးသစ်တောဖြစ်ပြီး   ပန်တာနယ်မှာ အကြီးဆုံးစိမ့်မြေ အရပ်ဖြစ်သည်။ ထိုဒေသများသည် ဖန်လုံအိမ်ဓာတ်ငွေ့ အများအပြားကိုစုပ်ယူပေးသည့်အတွက် အဆိုပါနေရာများကို ထိန်းသိမ်းရေးသည်    ရာသီဥတု ပြောင်းလဲမှုကို ထိန်းချုပ်ရာတွင် အရေးပါကြောင်း သိပ္ပံပညာရှင်များက ပြောသည်။