ရုရှားက ပထမဆုံးပြည်တွင်းဖြစ် လျှပ်စစ်ကားအမြောက်အမြားကို ယခုနှစ်ကုန်တွင် ထုတ်လုပ်မည်

ရုရှားက ပထမဆုံးပြည်တွင်းဖြစ် လျှပ်စစ်ကားအမြောက်အမြားကို ယခုနှစ်ကုန်တွင် ထုတ်လုပ်မည်

မော်စကို၊ ပြည်တွင်းရေး

ရုရှားနိုင်ငံအနေဖြင့် ပထမဆုံးပြည်တွင်း ဖြစ်လျှပ်စစ်ကားအမြောက်အမြားကို ယခုနှစ် ကုန်တွင်ထုတ်လုပ်မည်ဖြစ်ကြောင်း စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး ဒန်းနစ်မန်တူရော့က သြဂုတ် ၂ ရက်တွင်ပြောသည်။

အဆိုပါလျှပ်စစ်ကားကို ဇက်တာဟု အမည်ပေးထားပြီး ၎င်းင်းကိုနောက်ဆုံးအဆင့် စမ်းသပ်မှုများလုပ်ဆောင်ထားပြီးဖြစ်ကြောင်းနှင့် ယခုနှစ်ကုန်ပိုင်းတွင် ထုတ်လုပ်နိုင်မည် ဟုမျှော်လင့်ထားကြောင်း    ဒန်းနစ်မန် တူရော့က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောခြင်းဖြစ်သည်။

ဇက်တာကိုအမြောက်အမြားထုတ်လုပ်ရန် ၂၀၂၀ ပြည့်နှစ်တွင်လျာထားခဲ့သော်လည်း ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုနှင့် ဘဏ္ဍာရေး ပြဿနာများကြောင့် အကောင်အထည်ဖော် နိုင်ခဲ့ခြင်းမရှိပေ။

၂၀၃၀ ပြည့်နှစ်အရောက်တွင်  နိုင်ငံအတွင်းရှိ  မော်တော်ယာဉ်များအားလုံး အနက် ၁၀ ရာခိုင်နှုန်းမှာ လျှပ်စစ်ကားများ ဖြစ်ရမည်ဟူသော အစိုးရ၏စီမံချက်ချမှတ်မှုအပြီးတွင် ဇက်တာကိုထုတ်လုပ်ရန်စီစဉ်လာခြင်းဖြစ်သည်။

ထို့ပြင်   ဟိုက်ဒရိုဂျင်လောင်စာသုံး အောရက်ဇိမ်ခံကားများသည်လည်း ၂၀၂၄ ခုနှစ်တွင် ဈေးကွက်ဝင်လာမည်ဖြစ်ကြောင်း ဒန်းနစ်မန်တူရော့ကပြောထားသည်။ ဇက်တာသည် တံခါးသုံးပေါက်ပါကား တစ်စီးဖြစ်ပြီး အမြင့်ဆုံးအမြန်နှုန်းအနေဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၁၂၀ နှုန်းဖြင့်သွားနိုင်သည်။

ရုရှားနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ် မှုစက်မှုဇုန်ဖြစ်သည့် ဆာမာရာဒေသရှိ တော့လီယက်တီစက်ရုံ၌  ထုတ်လုပ်မည့်  ဇက်တာလျှပ်စစ်ကားများသည် တစ်စီးလျှင် ရူဘယ် ၅ သိန်းခွဲတန်ဖိုးရှိမည်ဖြစ်ကြောင်းသိရသည်။

Ref: Sputnik