ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ရောက်ရှိ၊ တပ်မတော်(ရေ)မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ရောက်ရှိ၊ တပ်မတော်(ရေ)မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ အောက်တိုဘာ ၂၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Admiral Vladimir KASATONOV ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တို ဘာ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားစစ်သံမှူးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြ သည်။
ယင်းနောက် ရုရှားချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်သို့ ဆက်လက်ထွက်ခွာရောက်ရှိခဲ့ပြီး ၂၅ ရက်၊ ၂၆ ရက်နှင့် ယနေ့တို့တွင် စစ်ဦးစီးအရာရှိချုပ်(ရေ)ဦးဆောင်သော တပ်မတော်(ရေ) ကိုယ်စားလှယ်အဖွဲ့ဖြင့် တွေ့ဆုံဆွေးနွေးကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာကိစ္စရပ်များ၊ ပူးပေါင်းဆောင်ရွက်မည့် ရေကြောင်းဆိုင်ရာလုံခြုံရေးကိစ္စရပ်များ၊ နည်းပညာ ဖလှယ်ရေးကိစ္စရပ်များ၊ ရေတပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။