ရောဂါပိုးထိန်းချုပ်နိုင်ရေးအတွက် အများနှင့်သက်ဆိုင်သည့်နေရာများကိုပိတ်ရန် ထိုင်းအမိန့်ထုတ်မည်

ရောဂါပိုးထိန်းချုပ်နိုင်ရေးအတွက် အများနှင့်သက်ဆိုင်သည့်နေရာများကိုပိတ်ရန် ထိုင်းအမိန့်ထုတ်မည်

ဘန်ကောက်၊ ကျန်းမာရေး

ထိုင်းနိုင်ငံတွင်  ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြင့်တက်လာခြင်းကိုထိန်းချုပ်နိုင်ရေးအတွက် အများနှင့်သက်ဆိုင်သည့်နေရာများကိုပိတ်ပစ်ရန် အမိန့်ထုတ်ပြန်မည်ဖြစ်ကြောင်း  ကိုဗစ်-၁၉ ရောဂါပိုးအခြေအနေစောင့်ကြည့်ရေးစီမံခန့်ခွဲမှုအဖွဲ့(ဃဃှဗ)က ဇူလိုင် ၂၁ရက်တွင်ထုတ်ပြန်သည်။
အစိုးရကပိတ်ပစ်ရန်စီစဉ်ထားသည့်နေရာများတွင်ဘန်ကောက်နှင့်  ရောဂါပိုးကူးစက်မှုအများဆုံးဖြစ်ပွားနေသည်ဟု ယူဆထားသည့်  အခြားပြည်နယ် ၁၂ ခုအတွင်းရှိ အလှပြင်ဆိုင်များ၊ အများသုံးရေကူးကန်များ၊   ပန်းခြံများပါဝင်ကြောင်း ဃဃှဗ မှ ပြောရေးဆိုခွင့်ရှိသူ အပီဆာမိုင်ဆရီရန်ဆန်ကပြောသည်။ အဆိုပါအများနှင့်သက်ဆိုင်သည့်နေရာများအား ယာယီပိတ်ပစ်မည့်ရက်အတိအကျကို   အစိုးရကထုတ်ပြန်မည်ဖြစ်သည်။  နိုင်ငံအတွင်း  ရောဂါပိုးကူးစက်ခံရသူအရေအတွက်မှာ စံချိန်တင်မြင့်တက်လာပြီးနောက်ပိုင်း အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများကိုပိတ်ပစ်မည့်အစိုးရ၏အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံအတွင်း၌  ဇူလိုင် ၂၁ ရက် တစ်ရက်တည်းမှာပင်    ရောဂါပိုးကူးစက်ခံရသူအရေအတွက်မှာ၁၃၀၀၂ ဦးရှိပြီး ရောဂါပိုးကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ ၁၀၈ ဦးမှ   ၃၆၁၀ ဦးအထိမြင့်တက်လာခဲ့ကြောင်း သိရသည်။ရောဂါပိုးကူးစက်မှုကိုထိန်းချုပ်နိုင်ရန်အတွက်အာဏာပိုင်များက  နောက်လမှစ၍  ဘန်ကောက်မြို့တော်ရှိ လေဆိပ်နှစ်ခုဖြစ်သည့် သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ်တို့တွင် ကုသရေးဆေးရုံတစ်ရုံစီဖွင့်လှစ်ရန်စီစဉ်လျက်ရှိသည်။ သုဝဏ္ဏဘူမိလေဆိပ်တွင်ဖွင့်လှစ်မည့်ဆေးရုံ၌ လူနာ ၄၅၀၀ ခန့်ကို ကုသပေးနိုင်မည်ဖြစ်ပြီး ဒွန်မောင်းလေဆိပ်ရှိဆေးရုံတွင်မူ  လူနာ၂၀၀၀ ကို ဆေးကုသပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။