ရွှေတောင်မြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်၊ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ မေ - ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း မေ ၂၅ ရက် ညနေပိုင်း တွင် လေပြင်းတိုက်ခတ်မှုကြောင့် ရွှေတောင်မြို့နယ် အတွင်းရှိ ညောင်စာရေးကျေးရွာ တွင် လူနေအိမ်(၂)လုံး၊ သရက်တောရပ်ကွက်တွင် လူနေအိမ်(၂)လုံး၊ ကသစ်တိုင်းကျေးရွာ တွင် လူနေအိမ် (၁)လုံး၊ ရှားကျေးရွာတွင် လူနေအိမ်(၄)လုံး၊ မကျီးပေါက်ကုန်း ကျေးရွာတွင် လူနေအိမ်(၅)လုံး၊ လမိုင်းကျေးရွာတွင် လူနေအိမ်(၁)လုံး၊ သာစီကုန်းကျေးရွာတွင် လူနေအိမ်(၄)လုံး၊ စုစုပေါင်းလူနေအိမ်(၁၉)လုံးတို့ အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ယနေ့နံနက်ပို်ငးတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သား များက အမိုးလန်ပျက်စီးသွားသော လူနေအိမ်များအား ပြန်လည်ပြုပြင်ခြင်း၊ အပျက် အစီးများ ရှင်းလင်းဖယ်ရှားခြင်းစသည့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက အဆိုပါ ကျေးရွာများသို့ သွားရောက်ကြည့်ရှုအားပေးကာ ညောင်စာရေး ဘုန်းတော်ကြီးကျောင်း၊ ကျောင်း၊ ကျောင်းထိုင်ဆရာတော်အား ဆွမ်းဆန်တော်နှင့် စားသောက်ဖွယ်ရာများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ထို့နောက် လေဘေးသင့် အိမ်ထောင်စု(၁၉)စုအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။