ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများထံသို့ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့

ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများထံသို့ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့

နေပြည်တော်၊ ဩဂုတ် - ၃၁
    
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ဩဂုတ် ၃၀ ရက် ညနေ ၃ နာရီခန့် တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်အတွင်း သို့ ရေဝင်ရောက်ခဲ့သဖြင့် အဆိုပါရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများကို ရေဘေးကင်းလွတ်ရာ အေးစေတီဘုရားဝင်းနှင့် ချမ်းသာကြီးဘုရားဝင်းတို့ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့သည်။
    
အဆိုပါရေဘေးသင့်ပြည်သူများထံသို့ ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်၍ ရေဘေးသင့်ပြည်သူ အိမ်ထောင်စု ၁၄ စု၊ လူဦးရေ ၅၅ ဦးတို့အတွက် ဆန်၊ ဆီနှင့်စားသောက်ဖွယ်ရာ များ ထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။